Wednesday, July 23, 2008

နားညောင်းမူပါ

အိုဘုရားသခင် အကျွန်ုပ် အော်ဟစ်ခြင်းကို နားထောင်၍
အကျွန်ုပ်၏ ပဌာနာစကားကို မှတ်တော်မူပါ။

ဆာလံကျမ်း ၆၁း ၁


တခါတရံ အကျွန်ုပ်ပြောသော စကားတို့သည် တနေကုန်ပြောနေသောငြား နားထောင်ပေးသောသူ မရှိသကဲ့သို့ ဖြစ်နေပါ၏။ ထိုသို့သောနေ့များသည် အကျွန်ုပ်၏မျှော်လင့်ခြင်း၊ ဘဝ၏ရည်မှန်းချက်များ ပျောက်ဆုံးစေပါ၍ ကမ္ဘာလောကနှင့် အဆက်အသွယ်ပျက်သကဲ့သို့ ခံစားရပါ၏။ ဤနေ့သည်ထိုကဲ့သို့သောနေ့ ဖြစ်ပါ၏။ အကျွန်ုပ်ကိုယ်တော်ရှင်ဘုရားကို တနေလုံး မရပ်မနားခေါ်သောငြားလည်း ထူးမည့်သူ မရှိသကဲ့သို့တည်း။ ထာဝရဘုရား ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ နှလုံးသားကို အကျွန်ုပ်ထံသို့ မျက်နှာမူစေ၍ ကိုယ်တော်၏ နားတော် အကျွန်ုပ်ထံသို့ လှည့်စေ၍ အကျွန်ုပ် ဆုတောင်းသံများ၊ ကိုယ်တော်ထံ တိုးတိုးညည်းဆို အတွေး၊ လေသံများကို နားညောင်းတော်မူစေပါ။

အကျွန်ုပ် ကိုယ်တော်ထံပါး ခိုဝင်လျှက်၊ တောင်းလျှောက်သောအခါ၌ မိမိကိုယ်ကို သိစေတော်မူပါ။ အကျွန်ုပ်၏ ရည်မှန်းချက်များကို ထင်ရှားစေသောမူပါ။ အကျွန်ုပ်၏ တောင်းလျှောက်သံများကို နားညောင်းတော်မူလျှက် ကောင်းချီးပေးတော်မူပါ။ ကိုယ်တော်ကို တိုင်တည်လျှက်တောင်းလျှောက်ပါ၏။ ။ အာမင်

1 comments:

Apprenticeship said...

I heard you sister. How is life. I believe it's going great though. Right? Hugs and love to you sis :)