Sunday, July 6, 2008

ဘာကြောင့်လဲ၊ ဘုရားကျောင်း?

ဖတ်ရန်။ ။ ဧဖက်သြဝါဒစာ ၄း ၁ -၁၆

ထိုမှတပါး၊ မေတ္တာစိတ် ရှိစေခြင်းဌာ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းဌာ၎င်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍ အချင်းချင်း တယောက်ကိုတယောက် ထောက်စာ ကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း အချင်းချင်း စည်းဝေးခြင်းအမှုကို အရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့။ ဟေဗြဲသြဝါဒစာ ၁၀း ၂၄-၂၅

ကျွန်တော်က ဘုရားကျောင်းကို အပြင်ကမှ နေပြီးပဲ ထောက်ပံ့တယ်၊ အရမ်းကြီးပါဝင်ပက်သက်မှု့ မရှိဘူးလို့ တခါက ဝင်စတန် ချပ်စ်ဟီးလ်( Winston Churchill)က ပြောဘူးပါတယ်။ ကျမအနေနဲ့လည်း ခရစ်တော်အကြောင်း အသေအချာသိရှိလိုက် အချိန်မတိုင်ခင်ထိ၊ အချိန်တော်တော်ကြာ၊ ဘုရားကျောင်းပြင်ပမှ ထောက်ပံ့၊ ကူညီပြီး နေကြည့်သေးတယ်၊

ကျမတယောက်တည်းမဟုတ်ပါဘူး၊ လူတော်တော်များများ ဟာလည်းပဲ၊ ဘုရားကျောင်းမတက်ဘဲ၊ ငါခရစ်ယာန်ပါလို့ ပြောဆိုတတ်ကြပါတယ်။ တချို့ကလည်း ရရှိတဲ့အတွေ့အကြုံတွေထဲကနေ စိတ်ပျက်လို့မသွားတာ၊ တချို့ကလည်း၊ ဘုရားကျောင်းက ငါ့ကိုဘာမှပိုပြီးမတတ်စေဘူး ဆိုပြီးမသွားတာ၊ အကြောင်းပြချက်များစွာနဲ့ ဘုရားကျောင်းနဲ့ဝေးကွာ၊ ရှောင်ရှားတတ်ကြပါတယ်။

ဒီနေ့ကျမပြန်လည်သုံးသပ်၊ စဉ်းစားကြည့်တာ၊ ဘုရားကျောင်းဆိုတာမရှိဘဲ ကျမဘဝက ဘယ်အခြေအနေကို ရောက်သွားမလဲလို့။ ဘုရားကျောင်းက တခြားဘယ်နေရာမှာမှ မရနိုင်တဲ့ ကျမရဲ့ဝိညာဉ်ရေးရာ၌ လိုအပ်ချက်မြောက်မြားစွာတို့ကို ဖြည့်ဆည်းပေးပါတယ်။ ဝိညာဉ်တခုဟာ အထီးကျန်စွာတည်ရှိနေမယ်ဆိုရင်... သူဟာမီးရဲရဲတောက်နေတဲ့ တခုတည်းသော မီးသွေးနဲ့ တူလိမ့်မယ်၊ အဲဒီမီးသွေးဟာ ပိုပြီးပူလောင်လာရမဲ့အစား အေးခဲသွားလိမ့်မယ် ဆိုပြီးရှေးကျမ်းသပ်ဆရာ တဦးဆိုထားဘူးပါတယ်။

ခရစ်ယာန်ဆိုတာ တယောက်တည်းကျိတ် ယုံကြည်တယ်လို့ပြောနေရမဲ့ ယုံကြည်ခြင်းမဟုတ်ပါဘူး။ တပါးသူကိုဝေငှ၊ သက်သေခံပြီး တိုးပွား၊ ပြီးတော့ကိုယ်တိုင်လည်း ဝိညာဉ်ခွန်အားပိုပြီးရရှိဖို့ တဦးကိုတဦးဖေးမဖို့ လိုအပ်ပါတယ်။ ကျမတို့ဟာ၊ ဘုရားကိုသိ၊ လက်ခံပေမဲ့ တဦးတည်းအနေကြာလာရင် အေးခဲသွားတဲ့ ယုံကြည်ခြင်းကို ပိုင်ဆိုင်သလိုဖြစ်နေပါလိမ့်မယ်။ ကျမကိုယ်တိုင်လည်း ကြိမ်ဖန်များစွာ ဘုရားကျောင်းနဲ့ဝေးကွာ၊ ရှောင်ရှားနေခဲ့ပေမဲ့၊ နောက်ဆုံးတော့ ဘုရားကျောင်းတော်ရိပ်ကို ပြန်လည်ခြေချ၊ အဆုံးသပ်ရစမြဲပါ။

စစ်မှန်သော ချစ်ခြင်းမေတ္တာအားဖြင့်
ကျွန်ုပ်တို့ လက်၊ နှလုံးသားများဆက်စပ်
ဘုရား၏ သြဝါဒ စကား၌ သစ္စာတည်၊
တဦးကိုတဦး ဖေးမကာ ဘုရားရှင်အတွက်ရပ်တည်၊
့်နိုင်ငံတော်ကို တည်ထောင်ကြပါစို့။

ဘုရားကျောင်းဆိုတာ တချို့သောသူများအတွက် ရွှေးချယ်ခြင်းတခုသာမဟုတ်ပါဘူး၊ လူသားအားလုံးအတွက် ဝိညာဉ်တော် ဆုံမှတ်အဖြစ် ကြိုဆိုနေလျှက်ပါ။


0 comments: