Saturday, July 5, 2008

မမေ့အပ်သင့်သော....ကျေးဇူးတော်

ဖတ်ရန်။ ။ ဂလာတိသြဝါဒစာ ၅း ၁- ၁၄

ထိုကြောင့်ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာထမ်းဘိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။

ဂလာတိသြဝါဒစာ ၅း ၁


ကျမတို့၏ ကျေးဇူးပြုတတ်သော သဘော(ကတညုတ ကတဝေဒီတရား ရှိခြင်း) သည်လွတ်လပ်ရေး ရရန် ကြိုးပမ်းခဲ့သူများ၏ ပေးဆပ်မှု့ကို အမှတ်ရခြင်း၊ ဂုဏ်ပြုတတ်သော သဘော၌ တည်ပါသည်။ အမေရိကန်ပြည်တွင်လည်း လွတ်လပ်ရေးရရှိရန် ကြိုးပမ်းပါဝင်ခဲ့ရာ၌ မမေ့အပ်သောသူတဦးရှိပါသည်၊ ထိုသူ၏အမည်မှာ ရစ်ချတ်စ် စတော့ဒ်တွန်( Richard Stockton) ဖြစ်ပါသည်။

စတော့ဒ်တွန်ဟာ လွတ်လပ်ရေးရရန် ပါဝင်ကြိုးပမ်းခဲ့သော အများထဲမှ တဦးအပါအဝင်ဖြစ်ပါသည်။ သူဟာချမ်းသာပြီး၊ ပညာတတ်သော ရှေ့နေတဦးလည်းဖြစ်ပါသည်။ စစ်တွင်း၌ အကူအညီများစွာ ပေးခဲ့မှု့ကြောင့် မိသားစုတခုလုံး နေအိမ်မှ ရှောင်တိမ်းနေထိုင်ခဲ့ရပါသည်။ နေအိမ်များ ဖျက်ဆီးခြင်းခံရယုံတင်မက စတော့ဒ်တွန်ဟာလည်း ထောင်ထဲမှာ အချိန်ကြာမြင့်စွာနေထိုင်ခဲ့ရပြီး၊ အဲဒီဒဏ်တွေကြောင့် အသက် ( ၅၁ ) နှစ်မှာ ကွယ်လွန်ခဲ့ရပါသည်။ ဒါပေမဲ့ အမေရိကန် ပြည်သူပြည်သား အများစုက သူ၏ကြိုးပမ်းမှု့ကို အမှု့မဲ့၊ အမှတ်မဲ့ ဖြစ်သွားခဲ့ကြပါသည်။ သူ၏ပေးဆပ်ခဲ့မှု့သည် မေ့မေ့ပျောက်ပျောက်သာဖြစ်သွားရပါသည်။

ထိုနည်းတူစွာဘဲ ကျမတို့ဘဝမှာလည်း သိနေကျ၊ နားထောင်နေကျ၊ ကျမ်းချက်များမှ ကျမတို့ကို အပြစ်မှ အဖိုးအခပေးပြီး ကယ်တင်ခဲ့သော ကယ်တင်ရှင်အကြောင်းကို အမှတ်တမဲ့ဖြစ်နေတတ်ပါသည်။ ကျမတို့ဟာ ဝိညာဉ်တော်၏ လွတ်ငြိမ်းခြင်းအရာ၌ ကျမတို့၏ အပြစ်အတွက်အဖိုးအခပေး ခဲ့သော ယေရှုခရစ်တော်၏ ပေးဆပ်ခဲ့မှု့ကို အနည်းငယ်ပင်ဖြစ်လင့်ကစား သတိယသင့်ပါသည်။

ဘဝ၌ ဘယ်လိုပင်ကြုံရသောညားလည်း ပြန်လည်၍ ပေးဆပ်မရနိုင်သော ယေရှုခရစ်၏ အသွေးတော်သွန်းလောင်းမှု့ကို အမှတ်ယခြင်းဖြင့် ဘဝ၌လျှောက်လှမ်းနိုင်ကြပါစေလို့။..... Vernon Grounds

But drops of grief can ne'er repay
The debt of love I owe;
Here, Lord, I give myself away....
'Tis all that I can do! .... Watts



ကယ်တင်ခြင်းသည် အဖိုးအခ မဖြတ်နိုင်ပေမဲ့၊ ယေရှုခရစ်၏ အသွေးတော်ကြောင့် အခမဲ့ရရှိခဲ့ပါ၏။



0 comments: